သက်ကြီးရွယ်အိုများသည် သဘာဝအတိုင်းအိုမင်းရင့်ရော်မှုဖြစ်စဉ်နှင့် နာတာရှည်ကျန်းမာရေးအခြေအနေများ ရှိနေခြင်းကြောင့် အမျိုးမျိုးသောအန္တရာယ်များနှင့် ရင်ဆိုင်နေရနိုင်ပါသည်။ သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ဖြစ်စေသောအချက်များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးစသည်ဖြင့် ရှူထောင့်မျိုးစုံကဖြစ်နိုင်ပါသည်။ ဤအန္တရာယ်များကို ခွဲခြားသတ်မှတ်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် ကျွန်တော်တို့စင်တာ၏ စောင့်ရှောက်မှုအရည်အသွေးကိုမြှင့်တင်ရန်နှင့် ရှုပ်ထွေးမှုများကိုကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဖြစ်လာနိုင်သောအန္တရာယ်များကို စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် တားဆီးနိုင်ခြင်းသည် ချော်လဲခြင်း၊ ဒဏ်ရာရခြင်း၊ နာတာရှည်ဖျားနာခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ သို့မဟုတ် သိမြင်နိုင်စွမ်းကျဆင်းခြင်းကဲ့သို့သော ဆိုးရွားသောရလဒ်များ၏ ဖြစ်နိုင်ခြေကိုပါ သိသိသာသာ လျှော့ချနိုင်ပါသည်။
ချော်လဲခြင်းသည် သက်ကြီးရွယ်အိုများတွင် ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆေးရုံတက်ရခြင်း၏ အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပါသည်။ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာများတွင် ချော်လဲခြင်းကိုကာကွယ်ခြင်းသည် အဓိကဦးစားပေးရမည့် အချက်ဖြစ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါနှင့် မှတ်ဉာဏ်အားနည်းခြင်းကဲ့သို့သော အခြေအနေများအပါအဝင် အသိဉာဏ်ကျဆင်းမှုသည် သက်ကြီးရွယ်အိုများကြားတွင် အဖြစ်များပါသည်။ အသိဉာဏ်ဆိုင်ရာကျဆင်းမှုကို ကာကွယ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းသည် ဘိုးဘွားတို့၏ဘဝအရည်အသွေးကို ထိန်းသိမ်းရာတွင် အရေးကြီးပါသည်။
လူမှုရေးအရအထီးကျန်ခြင်းသည် စိတ်ဓာတ်ကျခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်းနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာများဆီသို့ ဦးတည်သွားစေနိုင်သည်။
အာဟာရချို့တဲ့ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းသည် သက်ကြီးရွယ်အိုများတွင်အဖြစ်များသော ပြဿနာများဖြစ်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများအားနည်းခြင်းနှင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါသည်။
အိပ်ယာပူနာများသည် အထူးသဖြင့် ကုတင် သို့မဟုတ် ဘီးတပ်ကုလားထိုင်တွင်အနေများသည့် သွားလာလှုပ်ရှားရန်အကန့်အသတ်ရှိသော နေထိုင်သူများတွင် အဖြစ်များသောအန္တရာယ်တစ်ခု ဖြစ်ပါသည်။
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် မေ့မျောခြင်းကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများသည် သက်ကြီးရွယ်အိုများတွင်အဖြစ်များပါသည်။
သက်ကြီးရွယ်အိုများသည် ရောဂါပိုးကူးစက်မှုဒဏ်ကို ပိုမိုခံရနိုင်ခြေရှိပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဆီသို့ ဦးတည်သွားနိုင်သည်။
အန္တရာယ်ဖြစ်စေနိုင်သောအချက်များအား ကာကွယ်ခြင်းမှာ စောင့်ရှောက်မှုနှင့်ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ၊ သိမြင်နားလည်မှု၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများကို ထည့်သွင်းစဉ်းစားပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် တစ်ဦးချင်းသီးသန့်ချဉ်းကပ်မှုများပါ လိုအပ်ပါသည်။ လဲကျခြင်းမှကာကွယ်ခြင်း၊ နာတာရှည်ရောဂါများအားစီမံခန့်ခွဲပေးခြင်း၊ အာဟာရပံ့ပိုးမှုပေးခြင်း၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူးစက်မှုများအားထိန်းချုပ်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်မှုအစီအမံများကို အကောင်အထည်ဖော်ခြင်းသည် သက်ကြီးရွယ်အိုများနှင့် လာရောက်နေထိုင်သူများအတွက် ရလဒ်များကို များစွာတိုးတက်စေနိုင်ပါသည်။ ကောင်းမွန်စွာညှိနှိုင်းထားသော စောင့်ရှောက်မှုအစီအစဉ်၊ ဝန်ထမ်းလေ့ကျင့်ရေးနှင့် မိသားစုပါဝင်ပတ်သက်မှုသည် အန္တရာယ်ဖြစ်စေသောအချက်များလျှော့ချရန်နှင့် သက်ကြီးရွယ်အိုတစ်ဦးချင်းစီ၏ကျန်းမာရေးကို အလုံးစုံမြှင့်တင်နိုင်ရန် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများဖြစ်သည်။