ရုပ်ပိုင်းဆိုင်ရာပြန်လည်သန်စွမ်းရေးကုထုံးသည် သက်ကြီးရွယ်အိုတစ်ဦးချင်းစီအတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ရွေ့လျားနိုင်မှုနှင့် ဘဝ၏အရည်အသွေးကို မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့သည် လဲကျခြင်း၊ ဒဏ်ရာရခြင်းနှင့် လှုပ်ရှားနိုင်မှုလျော့နည်းခြင်းတို့ကိုဖြစ်စေနိုင်သည့် ခွန်အားလျော့နည်းလာခြင်း၊ ဟန်ချက်မညီခြင်း၊ လိုက်လျောညီထွေမဖြစ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုမပြုနိုင်ခြင်းကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ရလေ့ရှိပါသည်။ ဤပြဿနာများကိုပစ်မှတ်ထား၍ ပြန်လည်သန်စွမ်းရေးကုထုံးများဖြင့် စီမံဆောင်ရွက်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးကို မြှင့်တင်ခြင်း၊ မသန်မစွမ်းဖြစ်ခြင်းကိုကာကွယ်ခြင်းနှင့် အမှီအခိုကင်းမှုကို ထိန်းသိမ်းခြင်း သို့မဟုတ် ပြန်လည်ရရှိစေခြင်းဖြင့် ပံ့ပိုးကူညီပေးပါသည်။

    • ရွေ့လျားနိုင်မှုနှင့် အမှီအခိုကင်းမှုကို မြှင့်တင်နိုင်ပါသည်။

    • နာကျင်မှုနှင့် မသက်မသာဖြစ်မှုများကို လျှော့ချနိုင်ပါသည်။

    • ခွန်အားနှင့် ခံနိုင်ရည်ကို တိုးစေနိုင်ပါသည်။

    • ဟန်ချက်ညီစေပြီး လဲကျနိုင်ခြေကို လျှော့ချနိုင်ပါသည်။

    • ခွဲစိတ်ပြီးနောက် သို့မဟုတ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာမှု မြန်ဆန်စေနိုင်ပါသည်။

    • ကိုယ်ဟန်အနေအထားနှင့် ကျောရိုးမ၏ ချိန်ညှိနိုင်မှု ပိုကောင်းစေပါသည်။

    • ကိုယ်လက်လှုပ်ရှားမှုကိုထိန်းသိမ်းပြီး မသန်စွမ်းမှုကိုတားဆီးခြင်းဖြင့် ဘဝအရည်အသွေးကို မြှင့်တင်စေနိုင်ပါသည်။

    • သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်/ထိန်းသိမ်းစေနိုင်ပါသည်။

    • အားကောင်းစေသောလေ့ကျင့်ခန်းများ (အလေးများ၊ ကြိုးများ သို့မဟုတ် စက်များကို အသုံးပြု၍ လေ့ကျင့်စေခြင်း)

    • ပျော့ပျောင်းမှုအတွက် အကြောဆန့်လေ့ကျင့်ခန်းများ

    • ဟန်ချက်ညီ လေ့ကျင့်ခန်းများ (ဥပမာ – ခြေတစ်ဖက်ပေါ်မတ်တပ်ရပ်ခြင်း၊ ခြေဖနောင့်မှခြေဖျားအထိ ထိ၍လမ်းလျှောက်ခြင်း)

    • လမ်းလျှောက်လေ့ကျင့်ခြင်း (ပုံစံတကျလမ်းလျှောက်ခြင်းနှင့် ကိုယ်ဟန်အနေအထားအတိုင်း လမ်းလျှောက်ခြင်း)

    • သမာရိုးကျ ကာယကုထုံး (အရိုးအဆစ်လှုပ်ရှားမှု၊ကြွက်သားလှုပ်ရှာမှု)

    • လျှပ်စစ်ကုထုံး (ဥပမာ – အရေပြားမှတဆင့် လျှပ်စစ်ဖြင့် အာရုံကြောအားနှိုးဆွခြင်း)

    • ကိုယ်နေဟန်ထားမှန်ကန်စေသော လေ့ကျင့်ခန်းများ (ဥပမာ – ကျောရိုးကိုချိန်ညှိပေးသော လေ့ကျင့်ခန်းများ)

    • အသက်ရှူလေ့ကျင့်ခန်းများ (အထူးသဖြင့် နာတာရှည်အဆုတ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေရှိသူများအတွက်)

    • အာရုံကြောဆိုင်ရာပြန်လည်ထူထောင်ရေး (ကြွက်သားများသန်မာစေခြင်း၊ လှုပ်ရှားသွားလာမှုကို ပိုမိုကောင်းမွန်စေခြင်းနှင့် ရွေ့လျားနိုင်မှုကို မြှင့်တင်ပေးခြင်းတို့ကို အထူးအာရုံစိုက်ကာ ဝန်ဆောင်မှုပေးခြင်း)