• ဆရာဝန်များ၊ သူနာပြုများ၊ သူနာပြုအကူများ၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်း‌ရေး ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ဆေးဘက်ဆိုင်ရာအဖွဲ့ ထားရှိခြင်း။
  • နေ့စဉ် ကျန်းမာရေးအခြေအနေ စမ်းသပ်စစ်ဆေး‌ပေးခြင်းနှင့် လိုအပ်သောဆေးဝါးများအား ထိန်းညှိပေးခြင်း။
  • ၂၄နာရီစောင့်ရှောက်ဝန်ဆောင်မှု‌ပေးခြင်း။
  • ကိုင်တွယ်ဖြေရှင်းနိုင်သော ကျန်းမာရေးဆိုင်ရာကိစ္စများအား ဆေးဘက်ဆိုင်ရာအဖွဲ့မှ ‌ကုသပေးခြင်း။
  • အရေး‌ပေါ်အခြေအနေဖြစ်‌ပေါ်လာပါက စီမံခန့်ခွဲရန်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ထားရှိခြင်း။
  • စောင့်ရှောက်မှုခံယူသူနှင့် မိသားစုဝင်များအား ဆွေးနွေးပြီးနောက် လိုအပ်ပါက သက်ဆိုင်ရာဆေးရုံသို့ အချိန်မီ လွှဲပြောင်းပေးနိုင်ရန် စီစဉ်ထားခြင်း။

ကျွန်ုပ်တို့စင်တာသည် သက်ကြီးရွယ်အိုတစ်ဦးချင်းစီအတွက် အထူးပြုထားသော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို လုပ်ဆောင်ပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများ၏ ရှုပ်ထွေးသော ကျန်းမာရေးလိုအပ်ချက်များကိုပါ အထူးဂရုပြု စောင့်ရှောက်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုများသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကိုမြှင့်တင်ရန်၊ နာတာရှည်ကျန်းမာရေးအခြေအနေများကို စီမံခန့်ခွဲရန်နှင့် လူနေမှုဘဝအရည်အသွေးမြှင့်တင်ရန် အထူးပြုထားပါသည်။

  • စေ့စေ့စပ်စပ်အကဲဖြတ်ခြင်း – သက်ကြီးလူနာများ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ သိမှုဆိုင်ရာလုပ်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ လူမှုရေးအခြေအနေများနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို စေ့စေ့စပ်စပ်အကဲဖြတ်ခြင်းသည် ကျွန်တော်တို့ GCC Centre ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။
  • နာတာရှည်ရောဂါစီမံခန့်ခွဲမှု – သက်ကြီးရွယ်အိုများတွင် နာတာရှည်ကျန်းမာရေးအခြေအနေများ (ဥပမာ – ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ) များ ရှိလေ့ရှိပါသည်။ ကျွန်တော်တို့ GCC Centre မှ ထိုနာတာရှည်ကျန်းမာရေးအခြေအနေများ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်နှင့် လူနေမှုဘဝမြှင့်တင်နိုင်ရန် စီမံဆောင်ရွက်ပေးပါသည်။
  • သိမှတ်ဥာဏ်ဆိုင်ရာပံ့ပိုးစောင့်ရှောက်မှုပေးခြင်း – အယ်လ်ဇိုင်းမားရောဂါ၊ သွေးကြောကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချို့ယွင်းခြင်း သို့မဟုတ် အခြားသော အာရုံကြောဆိုင်ရာချို့ယွင်းမှုများကြောင့် မှတ်ဥာဏ်ချို့ယွင်းသူများအတွက် အထူးပြုစောင့်ရှောက်မှုပေးခြင်း ပါဝင်ပါသည်။
  • ရုပ်ပိုင်းဆိုင်ရာကုထုံးနှင့် ပြန်လည်ထူထောင်ရေး – အသက်ကြီးသောလူနာများစွာသည် ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များနှင့် ဒဏ်ရာ သို့မဟုတ် ခွဲစိတ်မှုအနာကြောင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ လိုအပ်ပါသည်။
  • အာဟာရဝန်ဆောင်မှုများ – သက်ကြီးရွယ်အိုများစွာသည် နာတာရှည်အခြေအနေများ၊ ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အစာမျိုရခက်ခဲခြင်းနှင့်ဆက်စပ်သော အစားအသောက်လိုအပ်ချက်များရှိတတ်ပါသည်။
  • လူမှုရေးနှင့်အပန်းဖြေဝန်ဆောင်မှုများ – သက်ကြီးလူနာများ၏ စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို ပံ့ပိုးပေးပြီး လူမှုဆက်ဆံရေးကိုမြှင့်တင်ရန် ရေးဆွဲထားသောအစီအစဉ်များ ပါဝင်ပါသည်။
  • ကြိုတင်ကာကွယ်စောင့်ရှောက်မှု – ကြိုတင်ကာကွယ်ခြင်းဝန်ဆောင်မှုများသည် ကျန်းမာရေးကိုထိန်းသိမ်းရန်၊ နောက်ဆက်တွဲပြဿနာများကိုလျှော့ချရန်နှင့် သက်ကြီးရွယ်အိုများတွင် အသက်ရှည်စေရန်အတွက် အရေးကြီးပါသည်။
  • နာကျင်မှုကိုထိန်းညှိပေးခြင်း – အဆစ်အမြစ်ရောင်ခြင်း၊ အာရုံကြောရောဂါ သို့မဟုတ် ကြွက်သားအကြောဆိုင်ရာချို့ယွင်းမှုများကဲ့သို့ နာတာရှည်နာကျင်မှုဝေဒနာများကို ခံစားရနေသော သက်ကြီးရွယ်အိုများအတွက် နာကျင်မှုကို ထိရောက်စွာစီမံခန့်ခွဲခြင်းသည် ကျွန်တော်တို့စင်တာ၏ အဓိကအာရုံစိုက်မှုတစ်ခုဖြစ်ပါသည်။
  • ဆည်းဆာချိန်စောင့်ရှောက်မှု – နာကျင်မှုပြင်းထန်သည့် နောက်ဆုံးသော နေဝင်ဆည်းဆာအချိန်တွင် လူနာတစ်ဦးချင်းစီအတွက် နှစ်သိမ့်မှုပေးခြင်း၊ နာကျင်မှုကိုစီမံခန့်ခွဲခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ GCC စင်တာတွင် သက်ကြီးရွယ်အိုလူနာများကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ရှောက်မှုပေးရန်အတွက် ဘက်စုံပညာရှင်များပါဝင်သောအဖွဲ့ကို ခန့်အပ်ထားရှိပါသည်၊

၁. Geriatrician (သက်ကြီးကျန်းမာရေးဆိုင်ရာ အထူးပြု သမားတော်)

၂. သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးတွင် ကျွမ်းကျင်သော ဆရာဝန်များနှင့် သူနာပြုများ

၃. လူမှုဝန်ထမ်းများ

၄. ရုပ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ နှင့် စကားပြောကုထုံးပညာရှင်များ

၅. အစားအသောက်ပညာရှင်များနှင့် အာဟာရပညာရှင်များ

ဤသို့ ဘက်စုံအဖွဲ့အစည်းဖြင့်အခြေပြုချဉ်းကပ်နည်းသည် သက်ကြီးလူနာတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်စေပါသည်။

ကျွန်တော်တို့ GCC Centreသည် ဆေးဘက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများစွာကိုပေးဆောင်ခြင်းဖြင့် သက်ကြီးရွယ်အိုတစ်ဦးချင်းစီအား ၎င်းတို့၏ အမှီအခိုကင်းမှုကိုထိန်းသိမ်းရန်၊ နာတာရှည်အခြေအနေများကိုစီမံခန့်ခွဲရန်နှင့် အလုံးစုံသောဘဝအရည်အသွေးကိုမြှင့်တင်ရန် ကူညီပေးပါသည်။

ကျွန်ုပ်တို့စင်တာသည် သက်ကြီးရွယ်အိုတစ်ဦးချင်းစီအတွက် အထူးပြုထားသော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို လုပ်ဆောင်ပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများ၏ ရှုပ်ထွေးသော ကျန်းမာရေးလိုအပ်ချက်များကိုပါ အထူးဂရုပြု စောင့်ရှောက်လျက်ရှိပါသည်။ ဤဝန်ဆောင်မှုများသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကိုမြှင့်တင်ရန်၊ နာတာရှည်ကျန်းမာရေးအခြေအနေများကို စီမံခန့်ခွဲရန်နှင့် လူနေမှုဘဝအရည်အသွေးမြှင့်တင်ရန် အထူးပြုထားပါသည်။

    • စေ့စေ့စပ်စပ်အကဲဖြတ်ခြင်း – သက်ကြီးလူနာများ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ သိမှုဆိုင်ရာလုပ်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ လူမှုရေးအခြေအနေများနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို စေ့စေ့စပ်စပ်အကဲဖြတ်ခြင်းသည် ကျွန်တော်တို့ GCC Centre ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။

    • နာတာရှည်ရောဂါစီမံခန့်ခွဲမှု – သက်ကြီးရွယ်အိုများတွင် နာတာရှည်ကျန်းမာရေးအခြေအနေများ (ဥပမာ – ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ) များ ရှိလေ့ရှိပါသည်။ ကျွန်တော်တို့ GCC Centre မှ ထိုနာတာရှည်ကျန်းမာရေးအခြေအနေများ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ရန်နှင့် လူနေမှုဘဝမြှင့်တင်နိုင်ရန် စီမံဆောင်ရွက်ပေးပါသည်။

    • သိမှတ်ဥာဏ်ဆိုင်ရာပံ့ပိုးစောင့်ရှောက်မှုပေးခြင်း – အယ်လ်ဇိုင်းမားရောဂါ၊ သွေးကြောကြောင့်ဖြစ်သည့် မှတ်ဉာဏ်ချို့ယွင်းခြင်း သို့မဟုတ် အခြားသော အာရုံကြောဆိုင်ရာချို့ယွင်းမှုများကြောင့် မှတ်ဥာဏ်ချို့ယွင်းသူများအတွက် အထူးပြုစောင့်ရှောက်မှုပေးခြင်း ပါဝင်ပါသည်။

    • ရုပ်ပိုင်းဆိုင်ရာကုထုံးနှင့် ပြန်လည်ထူထောင်ရေး – အသက်ကြီးသောလူနာများစွာသည် ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များနှင့် ဒဏ်ရာ သို့မဟုတ် ခွဲစိတ်မှုအနာကြောင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ လိုအပ်ပါသည်။

    • အာဟာရဝန်ဆောင်မှုများ – သက်ကြီးရွယ်အိုများစွာသည် နာတာရှည်အခြေအနေများ၊ ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အစာမျိုရခက်ခဲခြင်းနှင့်ဆက်စပ်သော အစားအသောက်လိုအပ်ချက်များရှိတတ်ပါသည်။

    • လူမှုရေးနှင့်အပန်းဖြေဝန်ဆောင်မှုများ – သက်ကြီးလူနာများ၏ စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို ပံ့ပိုးပေးပြီး လူမှုဆက်ဆံရေးကိုမြှင့်တင်ရန် ရေးဆွဲထားသောအစီအစဉ်များ ပါဝင်ပါသည်။

    • ကြိုတင်ကာကွယ်စောင့်ရှောက်မှု – ကြိုတင်ကာကွယ်ခြင်းဝန်ဆောင်မှုများသည် ကျန်းမာရေးကိုထိန်းသိမ်းရန်၊ နောက်ဆက်တွဲပြဿနာများကိုလျှော့ချရန်နှင့် သက်ကြီးရွယ်အိုများတွင် အသက်ရှည်စေရန်အတွက် အရေးကြီးပါသည်။

    • နာကျင်မှုကိုထိန်းညှိပေးခြင်း – အဆစ်အမြစ်ရောင်ခြင်း၊ အာရုံကြောရောဂါ သို့မဟုတ် ကြွက်သားအကြောဆိုင်ရာချို့ယွင်းမှုများကဲ့သို့ နာတာရှည်နာကျင်မှုဝေဒနာများကို ခံစားရနေသော သက်ကြီးရွယ်အိုများအတွက် နာကျင်မှုကို ထိရောက်စွာစီမံခန့်ခွဲခြင်းသည် ကျွန်တော်တို့စင်တာ၏ အဓိကအာရုံစိုက်မှုတစ်ခုဖြစ်ပါသည်။

    • ဆည်းဆာချိန်စောင့်ရှောက်မှု – နာကျင်မှုပြင်းထန်သည့် နောက်ဆုံးသော နေဝင်ဆည်းဆာအချိန်တွင် လူနာတစ်ဦးချင်းစီအတွက် နှစ်သိမ့်မှုပေးခြင်း၊ နာကျင်မှုကိုစီမံခန့်ခွဲခြင်းနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ GCC စင်တာတွင် သက်ကြီးရွယ်အိုလူနာများကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ရှောက်မှုပေးရန်အတွက် ဘက်စုံပညာရှင်များပါဝင်သောအဖွဲ့ကို ခန့်အပ်ထားရှိပါသည်၊

  1.  Geriatrician (သက်ကြီးကျန်းမာရေးဆိုင်ရာ အထူးပြု သမားတော်)
  2.  သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးတွင် ကျွမ်းကျင်သော ဆရာဝန်များနှင့် သူနာပြုများ
  3. လူမှုဝန်ထမ်းများ
  4. ရုပ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ နှင့် စကားပြောကုထုံးပညာရှင်များ
  5. အစားအသောက်ပညာရှင်များနှင့် အာဟာရပညာရှင်များ