ဤအရာများသည် လူနာစောင့်ရှောက်မှုအတွက်အခြေခံဖြစ်ပြီး သက်တောင့်သက်သာရှိမှုနှင့် ကျန်းမာရေးကိုထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
-
- အရေးကြီးသောလက္ခဏာများစောင့်ကြည့်ခြင်း – အပူချိန်၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်းနှင့် အောက်ဆီဂျင်ပြည့်ဝမှုကို တိုင်းတာခြင်း။
-
- လူနာအကဲဖြတ်ခြင်း – လူနာ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်သော အခြေအနေ၊ အချက်အလက်များကို စုဆောင်းခြင်း။
-
- အနေအထားပြောင်းလဲပေးခြင်း – အိပ်ယာပူနာများကိုကာကွယ်ရန်နှင့် နေထိုင်မှုပုံစံ သက်တောင့်သက်သာရှိစေရန် လူနာ၏အနေအထားကို ပုံမှန်ပြောင်းလဲပေးခြင်း။
-
- ခံတွင်းစောင့်ရှောက်မှု – သွားတိုက်ခြင်းအပါအဝင် ခံတွင်းသန့်ရှင်းရေး၊ အံသွားများကို ဂရုစိုက်ပေးခြင်း။
-
- အကူအညီဖြင့်အစာစားခြင်း – လူနာများအစာစားရာတွင် အခက်အခဲရှိပါကလည်း အစားအစာအား ဘေးကင်းစွာမျိုချနိုင်ပြီး အာဟာရဖြစ်စေရန် ကူညီပေးခြင်း။
-
- ဆီးဝမ်းမထိန်းနိုင်ခြင်းအတွက်စောင့်ရှောက်မှု – အိမ်သာတက်သည့်အခါကူညီပေးခြင်းနှင့် ဆီးဝမ်းမထိန်းနိုင်သောပြဿနာများကို စီမံခန့်ခွဲခြင်း (ဥပမာ – Diaper လဲလှယ်ပေးခြင်း သို့မဟုတ် ဆီးပိုက်ဝမ်းပိုက်များကိုအသုံးပြုခြင်း) ။
-
- နာကျင်မှုကိုသက်သာစေခြင်း – ဆရာဝန်မှညွှန်ကြားထားသော အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ ဆေးဝါးမဟုတ်သည့်နည်းလမ်းများကို အသုံးပြုခြင်းနှင့် သက်သာထိရောက်မှုကိုစောင့်ကြည့်ခြင်း။
-
- ဒဏ်ရာစောင့်ရှောက်မှု – ခွဲစိတ်ဒဏ်ရာများ၊ အနာများနှင့် အခြားအရေပြားဒဏ်ရာများအား သန့်ရှင်းရေးလုပ်ပေးခြင်း၊ ဆေးထည့်ပေးခြင်းနှင့် စောင့်ကြည့်ခြင်း။
-
- ဆီးပိုက်နှင့်လူနာအားစောင့်ရှောက်မှု – ဆီးပိုက်များထည့်သွင်းခြင်း၊ သန့်ရှင်းမှုရှိစေရန်ထိန်းသိမ်းခြင်းနှင့် ဂရုစိုက်ခြင်း၊ ရောဂါပိုးမွှားများကိုကာကွယ်ပေးခြင်း။
အဆင့်မြင့်သူနာပြုစောင့်ရှောက်မှုကဏ္ဍတွင် အထူးလေ့ကျင့်မှု သို့မဟုတ် ကျွမ်းကျင်မှုများ လိုအပ်ပြီး နည်းပညာဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ ပါဝင်လေ့ရှိပါသည်။
-
- ဆေးဝါးများစီမံခြင်း – ဆေးသောက်ခြင်း၊ သွေးကြောမှတဆင့်၊ ကြွက်သားမှတဆင့်၊ အရေပြားအောက်မှတဆင့် (သို့မဟုတ်) တစ်ခြားလမ်းကြောင်းများမှတဆင့် ဆေးဝါးများပေးခြင်းနှင့် ထိုသို့ဆေးဝါးများပေးခြင်းမှ ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်ခြင်း စသည်တို့ပါဝင်ပါသည်။
-
- သွေးကြောမှတဆင့်ဆေးသွင်းခြင်း – သွေးကြောမှတဆင့်ဆေးသွင်းခြင်းနှင့် သွင်းထားသော Intravenous Line များကို စီမံခန့်ခွဲခြင်း၊ ဆေးဝါးများနှင့်ဓာတ်ဆားရည်များပေးခြင်းနှင့် သွေးကြောများယောင်ရမ်းခြင်း သို့မဟုတ် ပေါက်ထွက်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ခြင်း။
-
- ဒဏ်ရာများအားဆေးထည့်ခြင်းနှင့် အညစ်အကြေးများဖယ်ရှားခြင်း – ဒဏ်ရာများအားဆေးထည့်ရာတွင် လိုအပ်သည့်အခါ ပုပ်သိုးနေသောတစ်သျှူးများကို ဖယ်ရှားခြင်းအပါအဝင် ရောဂါပိုးများမှကာကွယ်ခြင်းနှင့် အနာကျက်ခြင်းကိုမြှင့်တင်နိုင်ရန် အထူးပြု၍လုပ်ဆောင်ခြင်း။
-
- အောက်ဆီဂျင်ပေးခြင်း – အောက်ဆီဂျင်ပေးသည့်အခါတွင် Flow Rate ကို ချိန်ညှိပေးခြင်းနှင့် လူနာ၏ Oxygen Saturation ကို အချိန်မှန်စောင့်ကြည့်ခြင်း။
-
- နှာခေါင်းပိုက်ထည့်သွင်းခြင်း – အစာကျွေးရန်နှင့် အစာအိမ်မှအစာဟောင်းများစွန့်ထုတ်ရန် နှာခေါင်းမှတဆင့် အစာပိုက်ထည့်သွင်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှုပေးခြင်း။
-
- ချွဲစုပ်ပေးခြင်း – အသက်ရှူလမ်းကြောင်းမှ ချွဲနှင့်အညစ်အကြေးများကို ဟပ်မထုတ်နိုင်သောလူနာများအား စက်ကိရိယာဖြင့်စုပ်ထုပ်ပေးခြင်း။
-
- သွေးတွင်းသကြားဓာတ်ပမာဏကိုစောင့်ကြည့်ခြင်း – ဆီးချိုဝေဒနာရှင်များတွင် သွေးတွင်းသကြားဓာတ်ပမာဏကိုစစ်ဆေးခြင်း၊ အင်ဆူလင်ထိန်းညှိပေးခြင်းနှင့် အစားအသောက်ချိန်ညှိမှုများကိုစီမံခန့်ခွဲခြင်း။
သူနာပြုများသည် လူနာများအား ကျန်းမာရေးအကြောင်းပညာပေးခြင်း၊ နာတာရှည်ရောဂါများကိုစီမံခန့်ခွဲခြင်းနှင့် ကျန်းမာရေးကဏ္ဍအစုံကိုမြှင့်တင်ပေးခြင်းတို့တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။
-
- ဆေးဝါးများဆိုင်ရာအသိပညာပေးခြင်း – လူနာများအား ဆေးဝါးများနှင့်ပတ်သက်၍ ရည်ရွယ်ချက်၊ ဘေးထွက်ဆိုးကျိုးများနှင့် ၎င်းတို့အားပေးထားသောဆေးဝါးများကို မှန်ကန်စွာအသုံးပြုနိုင်စေရန်အတွက် သင်ကြားပေးခြင်း။
-
- ရောဂါစီမံခန့်ခွဲမှုဆိုင်ရာပညာပေးခြင်း – ဆီးချို၊ သွေးတိုး၊ ပန်းနာရင်ကျပ် သို့မဟုတ် နှလုံးရောဂါကဲ့သို့သောအခြေအနေများကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်စေရန် လူနာများအားပညာပေးခြင်း။
-
- အစားအသောက်ဆိုင်ရာပညာပေးခြင်း – လူနာ၏ ကျန်းမာရေးလိုအပ်ချက်များအပေါ်အခြေခံ၍ အစားအသောက်များ (ဥပမာ – ဆိုဒီယမ်နည်းသည့်၊ ဆီးချိုအတွက်၊ အဆီနည်းသည့် စသည်ဖြင့်) ဆိုင်ရာ လမ်းညွှန်မှုပေးခြင်း။
-
- ကျန်းမာရေးမြှင့်တင်ခြင်းနှင့်ကာကွယ်စောင့်ရှောက်မှု – လူနေမှုပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ စစ်ဆေးမှုများ (ဥပမာ – ရင်သားဓာတ်မှန်ရိုက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း) အကြောင်း သင်ကြားပေးခြင်း။
-
- ဆေးရုံဆင်းမည့်လူနာများအတွက်စီမံခြင်း – လူနာ ဆေးရုံမှဆင်းသည့်အခါ အိမ်တွင်းစောင့်ရှောက်မှု အတွက်ပညာပေးခြင်း၊ နောက်ဆက်တွဲလူနာချိန်းဆိုမှုများနှင့် ဆေးဝါးအသုံးပြုမှုတို့နှင့်ပတ်သက်၍ ဆေးပညာရပ်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။