GCC Centre ရဲ့ ဝန်ဆောင်မှုတွေကို သိချင်ပါသည်။

  • ဆရာဝန်၊ သူနာပြု၊ သူနာပြုအကူများဖြင့် (၂၄)နာရီ စောင့်ရှောက်ဝန်ဆောင်မှုပေးနိုင်ခြင်း အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လိုအပ်သော ကုသချက်များပေးပြီး သက်ဆိုင်ရာဆေးရုံများသို့ အချိန်မီ လွှဲပြောင်းပေးနိုင်ရန်  Ambulance Team များဖြင့်ချိတ်ဆက်ထားခြင်း။
  • နေထိုင်သူ (Residents) များ၏ကျန်းမာရေး အခြေအနေ အရ လိုအပ်ပါက ၂၄နာရီမပြတ် oxygen ပေးနိုင်ပြီး Cardiac Monitor များဖြင့် စောင့်ကြည့်နိုင်သော Nursing HDU (High Dependency Unit) ထားရှိခြင်း။
  • ဓာတ်ခွဲဝန်ဆောင်မှုများနှင့် ဓာတ်မှန်၊ အာထရာဆောင်း စသည့် စစ်ဆေး၀န်ဆောင်မှုများဆောင်ရွက်နိူင်ရန် အတွက် ချိတ်ဆက်ထားခြင်း။
  • Activities of Daily Living (ADLs) – သက်ကြီးပုဂ္ဂိုလ်များ၏ နေ့စဉ်နေထိုင်လှုပ်ရှားမှုများ (Feeding, Toileting, Bathing, Mobility & Grooming) တွင် ကူညီဆောင်ရွက်ပေးခြင်း။
  • အစာပိုက်နှင့် အစာကျွေးနေရသူများ၊ ဆီးပိုက်တပ်ထားရသူများ၊ အိပ်ရာပူနာများကို စနစ်တကျ ပြုစု စောင့်ရှောက်ပေးနိုင်ခြင်း။
  •  လေဖြတ်ထားသူများ၊ အရိုးကျိုးထားသူများ ခွဲစိတ်ကုသမှုခံယူပြီးခါစ လူနာများအတွက် အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်မှ လိုအပ်သောစက်ပစ္စည်းကိရိယာများ အသုံးပြု၍ သင့်‌လျော်သည့် လေ့ကျင့်ခန်းများကို တစ်ဦးခြင်း (သို့) အုပ်စုလိုက် စနစ်တကျပြုလုပ်နိုင်ခြင်း။