• Choose Language
GCC Centre မှာ လာရောက်နေထိုင်ဖို့ရန် ဘယ်လို ဆက်သွယ်စုံစမ်းရမှာပါလဲ။

GCC Centre မှာ လာရောက်နေထိုင်ဖို့ရန် အသေးစိတ်ရှင်းပြပေးလိုပါသဖြင့်  Hotline number – +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း ပေးစေလိုပါသည်။

GCC Centre မှ ဝန်ဆောင်မှု နှုန်းထားများကို သိရှိလိုပါသည်။

လူနာခန်းအမျိုးအစားများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြပေးလိုပါသဖြင့်  Hotline number – +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။

GCC Centre တွင် ပြုစုစောင့်ရှောက်မှု ခံယူရန် သင့်တော်သည့် အနေအထားကို သိချင်ပါသည်။

GCC Centre တွင် လာရောက်နေထိုင်မည်ဆိုပါက Pre-admission assessment ကို အိမ်တိုင်ရာရောက် လာ ရောက် စစ်ဆေးပေးမည်ဖြစ်ပြီး လိုအပ်ပါက ဓာတ်ခွဲ စစ်ဆေးခြင်းများ ထပ်မံပြုလုပ်ရနိုင်ပါသည်။ စစ်ဆေး ပြီးနောက် တာ၀န်ခံ သက်ကြီးကု ဆရာ၀န်ကြီး များမှ လာရောက်နေထိုင်ရန် သင့်တော်သည် ဟုဆုံးဖြတ်ပြီး ပါက ပြုစုစောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ပါသည်။

GCC Centre မှာ အစားအသောက် ဝန်ဆောင်မှု ပါပါသလား။

GCC Centre မှာ အစားအသောက် ဝန်ဆောင်မှုအနေနှင့် မနက်စာ၊ နေ့လယ်စာ၊ ညစာ တို့ဖြင့် အဘိုးအဘွားတို့အား ကျွေးမွေးပါသည်။ 

GCC Centre မှာ လက်ခံပေးသည့် ပြုစုစောင့်ရှောက်မှု အမျိုးအစားများကို သိချင်ပါသည်။

  • Respite Care(ယာယီပြုစုစောင့်ရှောက်ခြင်း) – ပြုစုစောင့်ရှောက်သူမှ ကိစ္စတစ်စုံ  တစ်ရာ ကြောင့် (နာမကျန်း၍ဖြစ်စေ၊ မအားလပ်၍ဖြစ်စေ၊ ခရီးသွားရန်ရှိ၍ဖြစ်စေ) သက်ကြီးပုဂ္ဂိုလ်ကို ခေတ္တစောင့်ရှောက်မှုမပေးနိုင်သောအခါ GCC Centre တွင် ရက်တိုထားရှိနိုင်ခြင်း။
  • Sub-acute/ Post-acute Care – ဆေးရုံမှ ဆင်းပြီးသော်လည်း ဆက်လက်ပြုစုစောင့်ရှောက်ရန်လိုအပ်နေသောသူများ (ဥပမာ။ လေဖြတ်ထားသူများ၊ နာတာရှည် ရောဂါသည်များ၊ ဆီးပိုက်၊ နှာခေါင်းပိုက်များဖြင့် ပြုစုနေရသူများ၊ ခွဲစိတ်ပြီးနောက် နလံထရန်/ ပြန်လည်သန်စွမ်းမှုအတွက် လေ့ကျင့်ခန်း လုပ်ရန် လိုသူများ) ကို ဆေးရုံမှတင်းပြီး မိမိအိမ်သို့ မပြန်မှီ Step-down care အနေဖြင့် ပြုစုစောင့်ရှောက်မှု ပေးနိုင်ခြင်း။
  • Palliative Care – နာတာရှည်ရောဂါသည်များ၊ အထူးသဖြင့် ကင်ဆာရောဂါသည်များ၏ နောက်ဆုံးနေ၀င်ချိန်ကို နာကျင်မှုအနည်းဆုံးနှင့် သက်တောင့်သက်သာဖြင့် ငြိမ်းချမ်းစွာကုန်ဆုံးနိုင်ရန် ပြုစုစောင့်ရှောက်မှု ပေးနိုင်ခြင်း။
  • Cognitive Care – Dementia ၀ေဒနာရှင်များအတွက် ရောဂါ လက္ခဏာများပိုမိုဆိုးရွားမလာစေရန်နှင့် မှတ်ဉာဏ် များ ပြန်လည်နိုးကြားလာရန် Cognitive training များဖြင့် လေ့ကျင့်ပျိုးထောင်နိုင်ခြင်း။
  • Long-Term Care ( ရေရှည်ပြုစု စောင့်ရှောက်ခြင်း) – နာတာရှည် ဝေဒနာသည် များ နှင့် လိုအပ်ချက် အမျိုးမျိုးကြောင့် ကာလတို ကာလရှည်နေထိုင်လိုသူသက်ကြီးသူများ ကို ပြုစုစောင့်ရှောက်မှုပေးခြင်း။

GCC Centre ရဲ့ ဝန်ဆောင်မှုတွေကို သိချင်ပါသည်။

  • ဆရာဝန်၊ သူနာပြု၊ သူနာပြုအကူများဖြင့် (၂၄)နာရီ စောင့်ရှောက်ဝန်ဆောင်မှုပေးနိုင်ခြင်း အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လိုအပ်သော ကုသချက်များပေးပြီး သက်ဆိုင်ရာဆေးရုံများသို့ အချိန်မီ လွှဲပြောင်းပေးနိုင်ရန်  Ambulance Team များဖြင့်ချိတ်ဆက်ထားခြင်း။
  • နေထိုင်သူ (Residents) များ၏ကျန်းမာရေး အခြေအနေ အရ လိုအပ်ပါက ၂၄နာရီမပြတ် oxygen ပေးနိုင်ပြီး Cardiac Monitor များဖြင့် စောင့်ကြည့်နိုင်သော Nursing HDU (High Dependency Unit) ထားရှိခြင်း။
  • ဓာတ်ခွဲဝန်ဆောင်မှုများနှင့် ဓာတ်မှန်၊ အာထရာဆောင်း စသည့် စစ်ဆေး၀န်ဆောင်မှုများဆောင်ရွက်နိူင်ရန် အတွက် ချိတ်ဆက်ထားခြင်း။
  • Activities of Daily Living (ADLs) – သက်ကြီးပုဂ္ဂိုလ်များ၏ နေ့စဉ်နေထိုင်လှုပ်ရှားမှုများ (Feeding, Toileting, Bathing, Mobility & Grooming) တွင် ကူညီဆောင်ရွက်ပေးခြင်း။
  • အစာပိုက်နှင့် အစာကျွေးနေရသူများ၊ ဆီးပိုက်တပ်ထားရသူများ၊ အိပ်ရာပူနာများကို စနစ်တကျ ပြုစု စောင့်ရှောက်ပေးနိုင်ခြင်း။
  •  လေဖြတ်ထားသူများ၊ အရိုးကျိုးထားသူများ ခွဲစိတ်ကုသမှုခံယူပြီးခါစ လူနာများအတွက် အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်မှ လိုအပ်သောစက်ပစ္စည်းကိရိယာများ အသုံးပြု၍ သင့်‌လျော်သည့် လေ့ကျင့်ခန်းများကို တစ်ဦးခြင်း (သို့) အုပ်စုလိုက် စနစ်တကျပြုလုပ်နိုင်ခြင်း။

GCC Centre မှာ အခန်းပုံစံတွေက ဘယ်လိုမျိုး ရှိပါသလဲ။

GCC Centre မှာ အခန်းပုံစံများအနေဖြင့် 

  • Bungalow Type (ဘန်ဂလိုအခန်း)၊ 
  • Single Room Type (တစ်ယောက်ခန်း)၊ 
  • Double Room Type (နှစ်ယောက်ခန်း)၊ 
  • Shared Room Type (လေးယောက်ခန်း) နှင့် 
  • Hall Type (ရှစ်ယောက်ခန်း) ဆိုပြီး ရှိပါသည်။

GCC Centre ကို ဆက်သွယ်လိုပါက ဘယ်လိုဆက်သွယ်နိုင်ပါသလဲ။

GCC Centre ကို ဆက်သွယ်လိုပါက Hotline number – +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း ပေးစေလိုပါသည်။