သွက်လက်ကျန်းမာစွာအသက်ကြီးခြင်းနှင့် အနားယူနေထိုင်ခြင်း (Active Aging and Retirement Home) ဆိုသည်မှာ ပုံမှန်အားဖြင့် အမှီအခိုကင်းပြီး အသက်အရွယ်တူအသိုင်းအဝိုင်းတွင် နေထိုင်လိုသော သက်ကြီးရွယ်အိုများအတွက်ရည်ရွယ်၍ ဖန်တီးပေးထားသော ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ သက်ကြီးရွယ်အိုများ၏ လူမှုဆက်ဆံရေးနှင့် အဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေးကို အလေးပေးကာ ၎င်းတို့၏လိုအပ်ချက်နှင့် ကောင်းကျိုးအတွက် လိုက်လျောညီထွေဖြစ်သော ဝန်ဆောင်မှုများစွာကိုဖန်တီးပေးထားပါသည်။
သွက်လက်ကျန်းမာစွာအသက်ကြီးခြင်းနှင့် အနားယူနေထိုင်ခြင်း ၏ အဓိကလက္ခဏာများမှာ-
၁. အမှီအခိုကင်းသောနေထိုင်မှု – ယေဘူယျအားဖြင့် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု မလိုအပ်သော သက်ကြီးရွယ်အိုများအတွက် ကိုယ်ပိုင်အခန်းများတွင်နေထိုင်ပြီး အများသူငှာနှင့်သက်ဆိုင်သော နေရာများနှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၂. လူမှုရေးနှင့်အပန်းဖြေမှုဆိုင်ရာလှုပ်ရှားမှုများ – ကျွန်တော်တို့စင်တာမှ အဘိုးအဘွားများ ရွှင်လန်းတက်ကြွနေစေရန် ၎င်းတို့ကိုယ်တိုင်ပါဝင်လှုပ်ရှားရသော အစီအစဥ်များစွာကို ဖန်တီးပေးထားပါသည်။ ဥပမာအားဖြင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ၊ အနုပညာနှင့်လက်မှုပညာများ၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ရုပ်ရှင်အတူကြည့်ချိန်များ၊ အပြင်ထွက်ခြင်းနှင့် လူမှုရေးပွဲများ ပါဝင်ပါသည်။
၃. အစားအသောက်ဝန်ဆောင်မှုများ – နေထိုင်သူများ၏ကိုယ်ပိုင်အခန်းများတွင် မီးဖိုချောင်ငယ်နှင့် မီးဖိုချောင်သုံးပစ္စည်းများပါရှိသလို အများသူငှာလက်ဆုံစားသောက်နိုင်သည့် အစားအသောက်အစီအစဉ်များ၊ ထမင်းစားခန်း နှင့် ကော်ဖီဆိုင်များလည်း ထားရှိပေးထားပါသည်။
၄. နေရာထိုင်ခင်းထိန်းသိမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း- အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းစသည့် ဝန်ဆောင်မှုများပေးဆောင်ပြီး နေထိုင်သူများကို အိမ်ထောင်ထိန်းသိမ်းမှုဝန်ထုပ်ဝန်ပိုးမှ လျှော့ချပေးနိုင်ပါသည်။
၅. လုံခြုံရေးနှင့်ပံ့ပိုးကူညီမှု – နေထိုင်သူများသည် သီးခြားလွတ်လပ်စွာနေထိုင်နိုင်သလို လုံခြုံရေးစီမံမှူများ (ဥပမာ – ၂၄နာရီမပြတ် လုံခြုံရေးဝန်ထမ်းများထားရှိပေးခြင်း) နှင့် (လိုအပ်ပါက) ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ရယူအသုံးပြုနိုင်ပါသည်။ ယေဘုယျအားဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပေါ့ပါးသောအကူအညီများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
၆. နေရာထိုင်ခင်းများ – အခန်းများသည် များသောအားဖြင့် သက်တောင့်သက်သာနှင့် နေထိုင်ရလွယ်ကူစေရန်အတွက် ဒီဇိုင်းထုတ်ထားပြီး လက်ကိုင်တန်းများ၊ ပိုကျယ်သောတံခါးပေါက်များနှင့် အများသူငှာနေရာများသို့ အလွယ်တကူသွားရောက်နိုင်သော အင်္ဂါရပ်များနှင့်အညီ ဖန်တီးထားပါသည်။
၇. ကျန်းမာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများ – အကယ်၍ ကျန်းမာရေးစစ်ဆေးမှု(သို့) ဆရာဝန်နှင့်ပြသခြင်းကဲ့သို့သော အခြေခံကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်လာပါကလည်း သက်မှတ်ထားသော နှုန်းထားများအတိုင်းပေးဆောင်ပြီး ရယူနိုင်ပါသည်။ အနှစ်သာရအားဖြင့် Retirement Home ဆိုသည်မှာ လွတ်လပ်သောနေထိုင်မှုပုံစံကို အသိုင်းအဝိုင်းတစ်ခုဖြင့်ပေါင်းစပ်ထားသည့် လူနေမှုစနစ်ကို ရှာဖွေနေသော သက်ကြီးရွယ်အိုများအတွက် သင့်တော်ပါသည်။ ယေဘူယျအားဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန်အတွက် အကူအညီမလိုအပ်သေးသော်လည်း လာမည့်အသက်အပိုင်းအခြားတစ်ခုအတွက် သက်တောင့်သက်သာရှိရန် ပံ့ပိုးပေးနိုင်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ရှာဖွေနေသည့် သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပါသည်။