အထောက်အကူဖြင့် နေထိုင်ခြင်း (Assisted Living) ဆိုသည်မှာ သက်ကြီးရွယ်အိုများအတွက် ဒီဇိုင်းထုတ်ထားသည့် အိမ်ရာနှင့်စောင့်ရှောက်မှုအမျိုးအစားကို ရည်ညွှန်းပါသည်။ ပုံမှန်အားဖြင့် သူနာပြုဂေဟာများတွင်ပေးသည့် စောင့်ရှောက်မှုအဆင့်ကိုမလိုအပ်ဘဲ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အကူအညီလိုအပ်သော သက်ကြီးရွယ်အိုများအတွက်ဖြစ်ပါသည်။ အဘိုးအဘွားများသည် အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာနေထိုင်နိုင်မည်ဖြစ်သလို ရေချိုးခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ စားသောက်ခြင်း၊ ဆေးဝါးစီမံခန့်ခွဲခြင်း၊ အပေါ့အလေးသွားခြင်းနှင့် ရွေ့လျားသွားလာခြင်းစသည့် လုပ်ငန်းဆောင်တာများအတွက်လည်း ပံ့ပိုးကူညီမှုရရှိနိုင်စေပါသည် ။
အထောက်အကူဖြင့်နေထိုင်ခြင်း၏ အဓိက ကဏ္ဍများမှာ-
၁. တစ်ကိုယ်ရည်စောင့်ရှောက်မှု – ၀တ်စားဆင်ယင်မှု၊ ရေချိုးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးစသည့် နေ့စဉ်လုပ်ဆောင်မှုများတွင် ကူညီပေးခြင်း။
၂. ကျန်းမာရေးပံ့ပိုးမှု – ဆေးဝါးများပံ့ပိုးပေးခြင်း၊ သူနာပြုများ သို့မဟုတ် ကာယလေ့ကျင့်ရေးပညာရှင်များကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများ၏ အကြံဉာဏ်များရရှိနိုင်ခြင်း
၃. လူမှုရေးဆိုင်ရာလှုပ်ရှားမှုများ – အနုပညာနှင့်လက်မှုပညာ၊ လေ့ကျင့်ခန်းအစီအစဉ်များ သို့မဟုတ် အပြင်ထွက်ခြင်းကဲ့သို့သော အပန်းဖြေလှုပ်ရှားမှုများတွင် လူမှုပေါင်းသင်းဆက်ဆံခြင်းနှင့် ပါဝင်စေခြင်း။
၄. အစားအသောက်ဝန်ဆောင်မှုများ- အာဟာရပြည့်ဝသောအစားအစာများကို ကျွေးမွေးပေးပြီး အစားအသောက်နှင့်ပတ်သက်သော အထူးလိုအပ်ချက်များကိုလည်း ဖြည့်စည်းပေးနိုင်ပါသည်။
၅. ၂၄နာရီစောင့်ကြပ်ကြည့်ရှုပေးခြင်း – သူနာပြုဂေဟာများကဲ့သို့ တင်းကြပ်မှုမရှိသော်လည်း စင်တာတွင်နေထိုင်သူများကို အရေးပေါ် သို့မဟုတ် အခြားလိုအပ်မှုများအတွက်ကူညီရန် ၂၄နာရီပတ်လုံး ၀န်ထမ်းများရှိပါသည်။
၆. နေရာထိုင်ခင်းများ – အထောက်အကူဖြင့်နေထိုင်သူများသည် ပုံမှန်အားဖြင့် သီးသန့်ခန်းများတွင်သာနေထိုင်ကြပြီး အုပ်စုလိုက်မျှဝေနေထိုင်သူများလည်းရှိပါသည်။
GCC Centre ရှိ အထောက်အကူပြုနေထိုင်ရေး အဆောက်အဦးများသည် ဝန်ဆောင်မှုများ၊ သာယာအဆင်ပြေမှုများနှင့် ကုန်ကျစရိတ်များအလိုက် ကွဲပြားနိုင်ပါသည်။ နေ့စဉ်ဘဝ၏ ကဏ္ဍပေါင်းစုံအတွက် အကူအညီလိုအပ်သော်လည်း အခြားသူများကို လုံးလုံးလျားလျား မှီခိုနေစရာမလိုသောသူများအတွက် ရည်ရွယ်ပါသည်။ တတ်နိုင်သမျှ အမှီအခိုကင်းစွာဆက်ရှိနေလိုသော်လည်း ဘေးကင်းရေးနှင့်ကျန်းမာရေးအတွက် ပံ့ပိုးကူညီမှုအချို့လိုအပ်သော သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။