GCC Centre သည် သန်လျင်တံတားမှနေ၍ (၁၁)မိုင်အကွာ၊ သန်လျင်-ကျောက်တန်းလမ်းမကြီးဘေးရှိ (၁၀)ဧကကျယ်ဝန်းပြီး သာယာလှပသော ဥယျာဉ်ခြံဝင်းအတွင်းတွင် တည်ရှိပါသည်။ ခေတ်မှီကောင်းမွန်စွာနှင့် လုံခြုံရေးအရပါ တိုးမြှင့်တည်ဆောက်ထားသည့် ခြောက်ထပ်အဆောက်အဦးဖြစ်ပြီး ဓာတ်လှေကားနှစ်စင်း၊ အဆင့်မြင့် မီးဘေးလုံခြုံရေးစနစ်များနှင့်အတူ အရေးပေါ်ထွက်ပေါက်များပါ ထည့်သွင်းထားပါသည်။   (၂၄) နာရီပတ်လုံးစောင့်ကြည့်ရန်အတွက် CCTV များလည်း တပ်ဆင်ထားရှိပါသည်။

ကျွန်တော်တို့စင်တာတွင် အဆင့်မြင့်ပရိဘောဂများ တပ်ဆင်ထားရှိပြီး အဘိုးအဘွားများ၏ လူမှုဆက်ဆံရေးအတွက်ပါ ထည့်သွင်းစဥ်စားကာ  ဒီဇိုင်းထုတ်ထားသည့် ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အများသူငှာနေထိုင်ရန်နေရာများပါ ပါဝင်ပါသည်။ အခန်းတိုင်းတွင် မြန်နှုန်းမြင့်အင်တာနက်၊ ရုပ်မြင်သံကြား၊ အရေးပေါ်သူနာပြုခေါ်ဆိုမှုစနစ်၊ ရေပူရေအေးနှင့် အရေးပေါ်ခေါ်ဆိုမှုစနစ်တပ်ဆင်ထားသည့်ရေချိုးခန်း စသည့် ခေတ်မီသောအပြင်အဆင်၊ စက်ကိရိယာများပါ တပ်ဆင်ပေးထားပါသည်။

ကျွန်တော်တို့စင်တာတွင် ကျန်းမာရေးအတွက်အထူးပြုထားသော အင်္ဂါရပ်များနှင့်အညီ သက်တောင့်သက်သာ နေထိုင်နိုင်သောနေရာများ၊ လေ့ကျင့်ခန်းနှင့်လှုပ်ရှားမှုများ ပြုလုပ်နိုင်သောနေရာများ စီစဥ်ထားရှိပါသည်။ ထို့အပြင် ဝတ်ပြုရာနေရာနှင့် စာကြည့်တိုက်အပါအဝင် မိသားစုနှင့်တကွ လူမှုရေးတွေ့ဆုံပွဲများ ပြုလုပ်နိုင်သောနေရာများကိုပါ စီမံပေးထားပါသည်။

ခြံဝန်းအတွင်း၌ အဘိုးအဘွားများ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရလွယ်ကူစေရန်နှင့် ဘက်ထရီပါဝါ တပ်ဆင်ထားသော Buggies များ အပြည့်အဝသွားလာနိုင်ရန်အတွက် အဆင်ပြေသောလမ်းကြောင်းများကိုပါ ထည့်သွင်းတည်ဆောက်ထားပါသည်။ ထို့အပြင် သာယာလှပသောပန်းခြံနေရာများ၊ မြက်ခင်းများ၊ ခုံတန်းလျားများ၊ လူသွားလမ်းများ၊ ရေကန်နှင့် ဘေးမဲ့ငှက်ခြံတို့ပါဝင်ပြီး နေထိုင်သူများနှင့်ဧည့်သည်များအတွက် သာယာသောပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။