• Choose Language

ကျွန်ုပ်တို့ ၏ ပြည်လည်ထူထောင်ရေးဌာနသည် သက်ကြီးသူများ ဘဝအရည်အ‌‌သွေးနှင့်
‌နေ့စဥ်နေထိုင်မူ့ ပုံစံကို မြှင့်တင်ခြင်းဖြင့် ကျန်ရှိသော ၎င်းတို့ ၏ အချိန်များကို တန်ဖိုးရှိစွာ ကုန်ဆုံးစေရန်
၀န်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

ပြန်လည်ထူထောင်‌ရေးလုပ်ငန်းစဥ်များတွင် သက်ကြီးသူများ အတွက်-

  • နေ့စဥ်လိုအပ်သော တစ်ကိုယ်ရည်တကာယ ဝန်‌ဆောင်မှုကို မိမိကိုယ်တိုင်ဆောင်ရွက်နိုင်စေရန်
  • သက်တူရွယ်တူများ အချင်းချင်းတွေ့ဆုံပြီး စုပေါင်းဆောင်ရွက်မူများ လုပ်ဆောင်ခြင်းဖြင့်
    စိတ်ချမ်းသာ ပျော်ရွင်မှုရစေရန်
  • မိမိ ဝါသနာပါရာ စိတ်ဝင်စားရာများ လုပ်ဆောင်ခြင်းဖြင့် ကျန်ရှိသော အချိန်များကို တန်ဖိုးရှိစွာ
    ကုန်ဆုံးစေရန် စသည်တို့ကို အဓိကထား၍ ကျွမ်းကျင် အကြောအဆစ်နှင့်
    ပြန်လည်ထူထောင်ရေး ပညာရှင်မှ လိုအပ်သော လုပ်ဆောင်မူ့အစီအစဥ်နှင့် ကုထုံးများကို
    ချမှတ်ပေးသွားမည် ဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေးဌာနတွင်

(၁) ဤစင်တာတွင် နေထိုင်သူများအတွက် ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုအစီအစဥ်များ

The physiotherapy service will begiven to promote or maintain their functions.

(၂) ပြင်ပမှ လာရောက်သူများအတွက် –

(က) သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ပြန်လည်ထူထောင်ရေး ကုသမှုပြုလုပ်ရန် လွှဲလိုက်သော

လူများ အတွက် လိုအပ်သော ကုသမှုများ၊‌ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း အစီအစဥ်များ၊

(ခ) နေ့စဥ် လှုပ်ရှားမှုလေ့ကျင့်ခန်း အစီအစဥ်များကို တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက်

ပြုလုပ်ရမည်ဖြစ်ပါသည်။

အသက်အရွယ်ကြီးရင့်လာကြတဲ့အခါ ခန္တာကိုယ်ရဲ့ ဇီ၀ဗေဒဖြစ်စဥ်အရ ဖြစ်ပေါ်လာသော
ကြွက်သားအားနည်းခြင်းကို တတ်နိုင်သလောက် နည်းစေရန် သင့်တော်သော လေ့ကျင့်ခန်းများ၊
ခန္တာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းချုပ်မှုကို တိုးတက်စေသော လေ့ကျင့်ခန်းများ၊ နှလုံး ဆီးချို သွေးတိုး

အစရှိသော ရောဂါများ ၏ နောက်ဆက်တွဲပြသနာများကို နည်းစေရန်အတွက် ပြုလုပ်သော
လေ့ကျင့်ခန်းများ၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို အဓိကထား၍ ပြုလုပ်ရမည် ဖြစ်ပါသည်။
ပြန်လည်ထူထောင်ရေးဌာနတွင် ရှိသော စက်များမှာ-
(၁) အနီအောက် ရောင်ခြည်ဖြင့် ကုသသောစက််
(၂) အသံလှိုင်းဖြင့် ကုသသောစက်
(၃) နာကျင်မှုကို ကုသသောစက်
(၄) ကြွက်သားများကို လှုံ့ဆော်သောစက်
(၅) ခြေလက်များကို ကူညီ၍ လေ့ကျင့်ခန်းလုပ်ပေးသောစက်
(၆) ခြေလက်လှုပ်ရှားမှုကို အထောက်အကူပြုစေသောစက်

Close menu