GCC Centre မှာ လက်ခံပေးသည့် ပြုစုစောင့်ရှောက်မှု အမျိုးအစားများကို သိချင်ပါသည်။

  • Respite Care(ယာယီပြုစုစောင့်ရှောက်ခြင်း) – ပြုစုစောင့်ရှောက်သူမှ ကိစ္စတစ်စုံ  တစ်ရာ ကြောင့် (နာမကျန်း၍ဖြစ်စေ၊ မအားလပ်၍ဖြစ်စေ၊ ခရီးသွားရန်ရှိ၍ဖြစ်စေ) သက်ကြီးပုဂ္ဂိုလ်ကို ခေတ္တစောင့်ရှောက်မှုမပေးနိုင်သောအခါ GCC Centre တွင် ရက်တိုထားရှိနိုင်ခြင်း။
  • Sub-acute/ Post-acute Care – ဆေးရုံမှ ဆင်းပြီးသော်လည်း ဆက်လက်ပြုစုစောင့်ရှောက်ရန်လိုအပ်နေသောသူများ (ဥပမာ။ လေဖြတ်ထားသူများ၊ နာတာရှည် ရောဂါသည်များ၊ ဆီးပိုက်၊ နှာခေါင်းပိုက်များဖြင့် ပြုစုနေရသူများ၊ ခွဲစိတ်ပြီးနောက် နလံထရန်/ ပြန်လည်သန်စွမ်းမှုအတွက် လေ့ကျင့်ခန်း လုပ်ရန် လိုသူများ) ကို ဆေးရုံမှတင်းပြီး မိမိအိမ်သို့ မပြန်မှီ Step-down care အနေဖြင့် ပြုစုစောင့်ရှောက်မှု ပေးနိုင်ခြင်း။
  • Palliative Care – နာတာရှည်ရောဂါသည်များ၊ အထူးသဖြင့် ကင်ဆာရောဂါသည်များ၏ နောက်ဆုံးနေ၀င်ချိန်ကို နာကျင်မှုအနည်းဆုံးနှင့် သက်တောင့်သက်သာဖြင့် ငြိမ်းချမ်းစွာကုန်ဆုံးနိုင်ရန် ပြုစုစောင့်ရှောက်မှု ပေးနိုင်ခြင်း။
  • Cognitive Care – Dementia ၀ေဒနာရှင်များအတွက် ရောဂါ လက္ခဏာများပိုမိုဆိုးရွားမလာစေရန်နှင့် မှတ်ဉာဏ် များ ပြန်လည်နိုးကြားလာရန် Cognitive training များဖြင့် လေ့ကျင့်ပျိုးထောင်နိုင်ခြင်း။
  • Long-Term Care ( ရေရှည်ပြုစု စောင့်ရှောက်ခြင်း) – နာတာရှည် ဝေဒနာသည် များ နှင့် လိုအပ်ချက် အမျိုးမျိုးကြောင့် ကာလတို ကာလရှည်နေထိုင်လိုသူသက်ကြီးသူများ ကို ပြုစုစောင့်ရှောက်မှုပေးခြင်း။