GCC Centre တွင် လာရောက်နေထိုင်မည်ဆိုပါက Pre-admission assessment ကို အိမ်တိုင်ရာရောက် လာ ရောက် စစ်ဆေးပေးမည်ဖြစ်ပြီး လိုအပ်ပါက ဓာတ်ခွဲ စစ်ဆေးခြင်းများ ထပ်မံပြုလုပ်ရနိုင်ပါသည်။ စစ်ဆေး ပြီးနောက် တာ၀န်ခံ သက်ကြီးကု ဆရာ၀န်ကြီး များမှ လာရောက်နေထိုင်ရန် သင့်တော်သည် ဟုဆုံးဖြတ်ပြီး ပါက ပြုစုစောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ပါသည်။





